မိသားစုများအတွက် သင့်တော်ပါသည်

ခရစ်ဝင်ကျမ်း စုစည်းမှု

ရှင်မဿဲခရစ်ဝင်ကျမ်း သည် ခရစ်ယာန်ရာစုနှစ်အစောပိုင်းတွင် နာမည်အကြီးဆုံးခရစ်ဝင်ကျမ်းဖြစ်သည်။ ဂျူးကမ္ဘာမှခွဲထွက်လာသော ခရစ်ယာန်အသိုင်းအ၀န်းအတွက်ရေးသားခဲ့သော ရှင်မဿဲခရစ်ဝင်ကျမ်းသည် ယေရှုကား ဓမ္မဟောင်းပရောဖက်ပြုချက်များကို ပြည့်စုံစေသော ဘုရားသခင်စေလွှတ်သော ကယ်တင်ရှင် မေရှိယဖြစ်သည် ဟု ဖေါ်ပြသည်။ Lumo Project မှရိုက်ကူးသည်။